Skip to main content
Conflict
Ethical leadership & multilateral cooperation
Media Releases

ဘန်ကီမွန်းက မြန်မာနိုင်ငံကို ဦးတည်ချက် အပြောင်းအလဲလုပ်ဖို့ တောင်းဆိုလိုက်

Share this:
Photo: Francisco Anzola/Flickr

မီဒီယာထုတ်ပြန်ချက် - ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ စစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ဖို့နှင့် အာဆီယံရဲ့ သဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဖို့ တောင်းဆိုခဲ့ပါတယ်

 

The Elders အုပ်စုရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ်တဲ့ မစ္စတာ ဘန်ကီမွန်းဟာ ၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ရည်ရွယ်ချက်ကတော့ အကြမ်းဖက်မှု အဆုံးသတ်ရေး လမ်းကြောင်းနှင့် ငြိမ်းချမ်းပြီး ဒီမိုကရေစီဆန်တဲ့အပြင် အားလုံးပါဝင်မှုရှိတဲ့ တရားဝင် အစိုးရတစ်ရပ် ထူထောင်ဖို့ လမ်းကြောင်းကို ရှာဖွေဖို့ ဖြစ်ပါတယ်။

ဘန်ကီမွန်းက မြန်မာ့တပ်မတော်ခေါင်းဆောင်တွေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံပြီး အခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်၊ ရေရှည်တည်တံ့တဲ့ အဖြေရရှိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် ပါတီအားလုံးရဲ့ ပါဝင်မှုကို လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။

“စစ်တပ်ကို အကြမ်းဖက်မှု ချက်ချင်းရပ်ဖို့ တိုက်တွန်းဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ မြန်မာနိုင်ငံကို ကျွန်တော်လာခဲ့ပါတယ်” လို့ ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ တွေ့ဆုံမှုတွေက စူးစမ်းရှာဖွေဖို့အတွက်ပါ။ မြန်မာပြည်သူတွေအတွက် ထိုက်တန်တဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လွတ်လပ်မှုရရှိဖို့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမှာပါ။”

ဘန်ကီမွန်းဟာ မြန်မာစစ်တပ်ရဲ့ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ပါတယ်။ နေပြည်တော်မှာ တွေ့ဆုံတဲ့အခါမှာ ဘန်ကီမွန်းက အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ သဘောတူညီချက်ငါးရပ်နှင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုကို အရေးတကြီးလိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ မတရားဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို မြန်မာစစ်တပ်က ချက်ခြင်းပြန်လွှတ်ပေးဖို့၊ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ဖို့နှင့် ပါတီအားလုံးအနေနဲ့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေရဲ့ တောင်းဆိုချက်တွေကို ဘန်ကီမွန်းက ထောက်ခံအားပေးခဲ့ပါတယ်။

အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ၁၆၀ ကျော် သေဆုံးခဲ့ကြောင်း ခန့်မှန်းရတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မကြာသေးမီက စစ်ရေးလေကြောင်းတိုက်ခိုက်မှုအပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း မစ္စတာဘန်ကီမွန်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ အခြေအနေတွေ ရှိမှသာ ရွေးကောက်ပွဲကို ကျင်းပရမှာဖြစ်ကြောင်း သူက သတိပေးခဲ့ပါတယ်။ လက်ရှိအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပခြင်းက အကြမ်းဖက်မှုနှင့် သွေးကွဲမှုတွေကို ပိုမိုဖြစ်ပေါ်စေနိုင်ပြီး ရလဒ်တွေကို မြန်မာနိုင်ငံသားတွေ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီနှင့် အရပ်သားအုပ်ချုပ်မှုသို့ အပြည့်အဝအသွင်ကူးပြောင်းရေးကို ပံ့ပိုးကူညီပေးမှုက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာနိုင်ငံနှင့် The Elders တို့ကြား ဆက်ဆံရေးရဲ့ အဓိကအချက်တစ်ချက်ဖြစ်ပြီး ဘန်ကီမွန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့စဉ်က မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို ကူညီပံ့ပိုးပေးတဲ့ သမိုင်းကြောင်းတစ်ခု ရှိထားပါတယ်။

“အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းဟာ နိုင်ငံတကာကို စိုးရိမ်ပူပန်မှုဖြစ်စေတဲ့ အရင်းအမြစ်ဖြစ်တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် သူတို့ရဲ့ ကတိကဝတ်တွေမှာ စည်းလုံးညီညွတ်မှုရှိပြီး သန္နိဋ္ဌာန်ချထားဖို့ လိုပါတယ်။ စိတ်ရှည်သည်းခံတဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုနဲ့ဆိုရင် လက်ရှိအကျပ်အတည်းကနေ ရှေ့ကို ချီတက်မယ့် လမ်းစရှာနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ စစ်တပ်က ပထမခြေလှမ်းကို စလှမ်းရပါမယ်” လို့ ဘန်ကီမွန်းက ပြောခဲ့ပါတယ်။

ပြီးဆုံး

Share this article

Keep up to date with The Elders’ COVID-19 digest:

Sign up to receive regular updates about The Elders’ activities during the COVID-19 pandemic. We will never share your email address with third parties.

Keep up to date with The Elders latest News and Insight:

Sign up to receive monthly newsletters from The Elders. We will occasionally send you other special updates and news, but we'll never share your email address with third parties.

Close

I would like to find:

Search
Close